အာဇာနည်နေ့ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့နံနက်တွင် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်သည့် ယင်းလှုပ်ရှားမှုတွင် ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုကိုင်ဆွဲ ချီတက်ခဲ့ကြသည်။















