ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။
စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။






