စစ်ကောင်စီက အာဏာလုကာ ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မြန်မာနိုင်ငံအနှံ့တွင်သာမက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်လည်း ကျင်းပခဲ့ကြသည်။
ယနေ့ (ဇွန် ၁၉)နံနက်က ကျင်းပခဲ့သည့် ယင်းအခမ်းအနားကို ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူအချို့က အရပ်ဝတ်ဖြင့် လာရောက်စောင့်ကြည့်ခဲ့သော်လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။






