BREAKING
September 7, 2024

သရက်ချောင်းတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

June 19, 2024

ဓာတ်ပုံ - DDMSC

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏အဆိုအမိန့်တစ်ခုဖြစ်သော “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ခေါင်းစဥ်ဖြင့် လူထုသပိတ် လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယနေ့(ဇွန် ၁၉)တွင်ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သည့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။