ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်သော ယနေ့(ဇွန် ၁၉)တွင် စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ကာ လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့ကြသည်။
စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက် ကြောက်ရွံမှုများကိုဖယ်ရှားပြီး ရဲရဲရင့်ရင့် ဆန့်ကျင်တော်လှန်သွားကြရန် တိုက်တွန်းသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုသည်။
“တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံမှုဖြစ်ပြီး…စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ ကြောက်ရွံမှုကင်းမဲ့ခြင်းဖြစ်တယ်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုမိန့်ကိုကိုင်ဆွဲပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ချီတက်ခဲ့ကြသည်။








