နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပန်းသပိတ် ပြုလုပ်ကြသည်။
အမျိုးသမီးများ စုပေါင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အမျိုးသားအချို့လည်း ပါဝင်ခဲ့ကြသည်။