BREAKING
April 21, 2025

လူသန်းတစ်ထောင်နီးပါး မဲပေးမည့် အိန္ဒိယရွေးကောက်ပွဲ စတင်ကျင်းပ

April 19, 2024

Photo – Getty Image, REUTERS

ကမ္ဘာတွင် လူဦးရေအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်သည်။

မဲပေးခွင့်ရှိသော လူဦးရေ ၉၆၉ သန်းအထိရှိပြီး အချိန် ၆ ပတ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ယင်းကြောင့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ သားသမီးများ ဦးဆောင်သော INDIA (Indian National Developmental Inclusive Alliance) ညွှန့်ပေါင်းအဖွဲ့ပါတီနှင့် လက်ရှိဝန်ကြီးချုပ် နာရမ်ဒြာ မိုဒီ၏ BJP ပါတီနှစ်ခု အဓိက အားပြိုင်ကြမည်ဖြစ်သည်။

မိုဒီ၏ BJP ပါတီကို ယှဉ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယ၏ အကြီးဆုံးအတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသားရေးကွန်ဂရက်ပါတီနှင့်အတူ ပါတီပေါင်း ၂၀ ကျော်က လာရောက်ပူးပေါင်းခဲ့ပြီး INDIA ညွန့်ပေါင်းပါတီဖွဲ့ခဲ့ကြခြင်းဖြစ်သည်။

သို့သော် လူထုစစ်တမ်းများအရ လက်ရှိဝန်ကြီးချုပ် မိုဒီ၏ BJP ပါတီနှင့် ယင်းပါတီနှင့် မဟာမိတ်ဖွဲ့ထားသော ပါတီများကသာ နေရာအများစု အနိုင်ရရှိနိုင်ကြောင်း စစ်တမ်းများက ဖော်ပြထားသည်။

အိန္ဒိယနယ်အသီးသီးတွင် ရွေးကောက်ပွဲ ၇ ရက်ကျင်းပမည်ဖြစ်ပြီး ဧပြီ ၁၉ ရက်၊ ဧပြီ ၂၆ ရက်၊ မေ ၇ ရက်၊ မေ ၁၃ ရက်၊ မေ ၂၀ ရက်၊ မေ ၂၅ ရက်နှင့် ဇွန် ၁ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်ကို ဇွန်လ ၄ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

Ref: BBC