BREAKING
March 26, 2025

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေး ကျပ်နှစ်ထောင်ကျော်အထိမြင့်တက်

April 19, 2022

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာ‌‌ကြောင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

ထားဝယ်မြို့တွင် လက်ရှိရောင်းချနေ‌ေသာစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (၉၂) တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ၂၄၃၀ ကျပ်အထိ မြင့်တက်သွားကြောင်း DDPC စက်သုံးဆီအရောင်းဆိုင်ထံမှ သိရှိရသည်။

“သင်္ကြန်အပြီး လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စက်သုံးဆီဈေး ၂၀၀၀ ကျော်နေပြီ” ဟု လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသူ တစ်ဦးမှ ဆိုသည်။

နှစ်ဆန်းတစ်ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၀၁၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၁၈၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာကို ၂၂၀၅ ကျပ်သာ ရှိခဲ့ပြီးနောက် ယနေ့‌တွင်စက်သုံးဆီဈေး ကျပ် ၂၀၀၀ ကျော်အထိရှိလာပြီး ‌‌ ငွေကျပ် ၂၀၀ ကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်လည်း စက်သုံးဆီ လိုသလောက် မဝယ်နိုင်သဖြင့် ဆီဆိုင်များအရှေ့တွင် ကားများတန်းဆီကာ ဆီဝယ်ယူခွင့်ရရှိရေး စောင့်ဆိုင်းနေကြရသည်။