BREAKING
September 19, 2024

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်း အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ အသင်းနည်းပြက စီရော်နယ်ဒိုကို ကျေးဇူးတင်စကားဆို

February 19, 2023

Photos - Goal

ဆော်ဒီအာရေဗျ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အသင်းသမိုင်းကြောင်းတလျှောက် အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာတွင် ရှိနေသော အယ်လ်ယာမာမာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အဆိုပါပွဲစဉ်ကို အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ကစားကာ ချန်ပီယံဆုကို ဆွတ်ခူးရယူသွားခဲ့ခြင်းဖြစ်သည်။

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် စုစုပေါင်းရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးချန်ပီယံဆုကို အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုအတွက် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းနှင့် ပြင်းပြင်းထန်ထန် အားပြိုင်ခဲ့ရခြင်းဖြစ်သည်။

ရာသီသိမ်းချိန်တွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းကို ရမှတ် ၁ မှတ် အသာစီးယူကာ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအောင်မြင်မှုအတွက် အယ်လ်နတ်စ်ဆာအမျိုးသားအသင်း၏အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို အမျိုးသမီးအသင်းနည်းပြက ကျေးဇူးတင်စကားဆိုသွားခဲ့သည်။

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းနည်းပြက အမျိုးသမီးအသင်းအတွက် စီရော်နယ်ဒို စိတ်ဓာတ်ခွန်အားပေးခဲ့ပုံကို “အခုရရှိခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က လျှို့ဝှက်ချက်က စီရော်နယ်ဒို ပါပဲ။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းရဲ့သမိုင်းမှာ လိဂ်အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါပြီ။ စီရော်နယ်ဒိုဟာ အမျိုးသမီးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ပေးခဲပြီး ကစားသမားတွေကို အားပေးစကားတွေလည်း ပြောခဲ့ပါတယ်။ အခုတော့ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းဟာ သမိုင်းဝင်မယ့် အောင်မြင်မှုကို ရရှိခဲ့ပါပြီ”ဟု ပြောကြားသွားခဲ့သည်။