BREAKING
February 24, 2025

တရားမဝင်ခဲသတ္တု ၁၆ တန်ကျော် ဖမ်းမိ

February 19, 2020

သံဖြူဇရပ်မြို့သို့ ပို့ဆောင်မည့် တရားမဝင်ခဲသတ္တု ၁၆ တန်ကျော်ကို ရေး-ထားဝယ်လမ်းမပေါ်ရှိ ဇီးကျတိုးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေဖြူမြို့နယ်ရှိ ဇီးကျတိုးဂိတ်တွင် ဖေဖော်ဝါရီလ ၄ ရက် ည ၈နာရီခွဲခန့်က သတင်းအရ စောင့်ဆိုင်းနေရာ ထားဝယ်မြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသည့် ၁၂ ဘီး ကားတစ်စီးကို စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်တွင် တရားမဝင်ခဲသတ္တု ၆၈၈ အိတ် (၁၆ တန်ကျော်)ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ခဲသတ္တုတစ်တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းမိသည့် သတ္တုများကို မောင်မယ် ရှောင်ကျေးရွာမှ တင်ဆောင်လာခြင်း ဖြစ်ပြီး သံဖြူဇရပ်မြို့သို့ ပို့ဆောင်မည်ဟု စစ်ဆေးသိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အမျိုးသားနှင့် ယာဉ်နောက်လိုက် အမျိုးသားတို့ကို မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ- ၃၁ ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch