ထားဝယ်စျေးကွက်တွင် ယခုသီတင်းပတ် အာလူးစျေးကျပြီး ကြက်သွန်စျေးများ ပြန်တက်လာသည်။
ထားဝယ်စျေးကွက်တွင် ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီလ ၁၁ ရက်က အာလူးတစ်ပိဿာ ၇၀၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၁၈ရက်တွင် ၆၅၀၀ကျပ်သို့ စျေးပြန်ကျလာသည်။
တစ်ပတ်အတွင်း အာလူးတစ်ပိဿာလျှင် ကျပ်ငါးရာ စျေးပြန်ကျသွားခြင်းဖြစ်သည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူစျေးမှာမူ ယခုသီတင်းပတ် စျေးပြန်တက်လာသည်။
ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီလ ၁၁ရက်က ကြက်သွန်နီတစ်ပိဿာ ၄၃၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၁၈ရက်တွင် ၄၅၀၀ကျပ်၊ ကြက်သွန်နီမြစ်သား တစ်ပိဿာ ၄၆၀၀ကျပ်မှ ၄၈၀၀ကျပ်၊ ကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ကြက်သွန်ဖြူထူး၅ တစ်ပိဿာ ၁၅၅၀၀ကျပ်မှ ၁၇၀၀၀ကျပ်သို့ အသီးသီး စျေးပြန်တက်လာခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် နှစ်ရာကျပ် စျေးတက်လာပြီး ကြက်သွန်ဖြူမှာ အမျိုးအစား အပေါ်မူတည်ကာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ကျပ်အထိ စျေးပြန်တက်လာသည်။
စားသုံးဆီနှင့် ဆန်စျေးမှာ ဇယားပါစျေးနှုန်းများအတိုင်း စျေးငြိမ်နေသည်။

