BREAKING
September 19, 2024

ပြင်သစ် နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်မလား၊ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အောင်ပွဲခံမလား

December 18, 2022

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

အားလုံးမျှော်စောင့်နေတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်ရောက်ရင် ယှဉ်ပြိုင်ကစားစေတော့မှာပဲဖြစ်ပါတယ်။

ဗိုလ်လုပွဲ မစတင်ခင်မှာ ပြိုင်ပွဲပိတ်သိမ်းမှုအစီအစဉ်အဖြစ် ဖျော်ဖြေရေးအခမ်းအနားလည်း ပါဝင်မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

ဒီနေ့ည ဗိုလ်လုပွဲဟာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ အားပြိုင်တဲ့ပွဲစဉ်ဖြစ်သလို ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့အနက်က ဘယ်သူဟာ ရွှေဘောလုံးဆုပိုင်ရှင်၊ ရွှေဖိနပ်ဆုပိုင်ရှင် ဖြစ်လာလေမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ၁၆ သင်းရှုံးထွက်အဆင့်မှာ ဒီနှစ်သင်း ဆုံခဲ့ဖူးပြီး အဲ့ဒီပွဲစဉ်မှာတော့ ပြင်သစ်က နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဗိုလ်လုပွဲပြိုင်ဘက်တွေအဖြစ် ဒီနှစ်သင်း ဆုံတွေ့ကြပါပြီ။ ဘယ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို သိမ်းပိုက်သွားလေမလဲ။

Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။
https://anchor.fm/dawei-watch/episodes/ep-e1sdjub

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/Mu5yo8WB8lM