BREAKING
April 19, 2025

အောင်လအန်ဆန်း နိုင်သွားမလား…..

November 18, 2022

မနက်ဖြန် နိုဝင်ဘာလ ၁၉ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်းနဲ့ ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ယူရှင်းအိုကာမီတို့ One Championship ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ပါတော့မယ်။

စင်ကာပူ Indoor Stadium မှာ တိုက်ခိုက်ထိုးသတ်ကြမယ့်ပွဲစဉ်ပါ။ One Championship ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

အောင်လအန်ဆန်းက မြန်မာပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိပြီးသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားတစ်ဦးပါ။

နောက်ပိုင်းထိုးသတ်တဲ့ပွဲစဉ်တွေမှာ အောင်လအန်ဆန်းက ရလဒ်တွေ ဆိုးရွားနေတဲ့အတွက် အခုပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အောင်ပွဲခံခွင့်ရနိုင်လေမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ယူရှင်း အိုကာမီက မစ်ဒယ်ဝိတ်တန်းဆီကို ကူးပြောင်းပြီး အောင်လအန်ဆန်းနဲ့ စိန်ခေါ်ပွဲထိုးသတ်ဖို့ စီစဉ်လိုက်တာပါ။

အောင်လအန်ဆန်းနဲ့ ယူရှင်း အိုကာမီတို့ရဲ့ပွဲစဉ်မှာ ဘယ်သူ အနိုင်ရသွားနိုင်ခြေ ရှိနေသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြ ပေးလိုက်ပါတယ်။