မြိတ်မြို့ ၊ လေးကျွန်းဆီမီး သိမ်တော်ကြီးစေတီတွင် ယနေ့သီတင်းကျွတ် လပြည့်ကျော်တစ်ရက် (ဝါကျွတ်နေ့) (အောက်တိုဘာ ၁၈) ညပိုင်း၌ ဘုရားဖူးလာသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
ယနေ့ မိုးအနည်းငယ်ရွာနေသော်လည်း ဘုရားဖူးများ လာရောက်နေကြသည်ဟု ဘုရားဝေယျာဝစ္စ လုပ်သူများကဆိုသည်။
လပြည့်နေ့ကလည်း ညနေပိုင်းတွင် မိုးလေကင်းစင်၍ ဘုရားဖူးများဖြင့် စည်ကားခဲ့သော်လည်း ညပိုင်းတွင် မိုးသည်းသဖြင့် ဘုရားဖူးလာရောက်သူနည်းသွားသည်ဟု ၎င်းတို့ကဆက်ပြောသည်။
မြိတ်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဝတ်အသင်းပေါင်းစုံ ရွတ်ဖတ်သည့် အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲကိုလည်း သီတင်းကျွတ်လဆန်း ၁၂ရက်မှ လပြည့်နေ့အထိ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ တွင်ပြုလုပ်ခဲ့သေးသည်။





