BREAKING
October 18, 2024

ထားဝယ်မြို့ကဆီဘော မီးထပ်လောင်

October 18, 2024

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ ကမ်းနားလမ်းဆီဘောမှာ မီးလောင်မှုဖြစ်ပြီး ၅ ရက်အကြာ ယနေ့တွင် မီးထပ်လောင်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများကပြောသည်။

ယနေ့ (အောက်တိုဘာ ၁၈) ညနေ ၄ နာရီခန့်တွင် ယခင်လောင်ပြီးသား ဆီဘော မီးထပ်လောင်နေခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးကပြောသည်။

“ကျွန်တော်တို့ အခုမီးငြှိမ်းနေပါတယ်။ ထိခိုက်တာတော့ လောလောဆယ်မရှိဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ ဆီဘောမှာ ကြက်စားပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်အတွင်း၌ရှိနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် မီးလောင်ပေါက်ကွဲပြီး လူ ၈ ဦးသေဆုံး ကာ ၃ ဦးဒဏ်ရာရရှိကာ ၁ ဦးပျောက်ဆုံးခဲ့သည်။

အဆိုပါဆီဘော မီးလောင်ပေါက်ကွဲရသည့်အကြောင်းအရင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများက ယနေ့အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုမီးလောင်မှုကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့ခံကယ်ဆယ်ရေး အသင်းအဖွဲ့များပူး၍ ငြှိမ်းသတ်ရာ အောက်တိုဘာလ ၁၅ ရက် နံနက် ပိုင်းအထိ ၁၆ နာရီ ကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်သူများ၏ ပြောကြားချက်အရသိရသည်။