BREAKING
September 19, 2024

မြိတ်မြို့ တောကျောင်းတွင် မီးလန့်

September 18, 2024

ပုံစာ - စက်တင်ဘာလ ၁၇ ရက်ည မြိတ်မြို့ တောကျောင်း မီးလန့်မှု။

မြိတ်မြို့ ၊ အလယ်ကျွန်းရပ် ၊ တောကျောင်း ဘုန်းတော်ကြီးကျောင်းတွင် မနေ့(စက်တင်ဘာလ ၁၇ ရက်) ညဆယ်နာရီခန့်က မီးလန့်မှုဖြစ်ခဲ့ကြောင်း မြို့ခံများ နှင့် မီးသတ်တပ်ဖွဲ့ထံကသိရသည်။

မြိတ်ခရိုင်မီးသတ် နှင့် တောကျောင်းဆရာတော်ထံ ဆက်သွယ်မေးမြန်းရာတွင် ဘုရားတောင်ပေါ် အမှိုက်မီးရှို့စဉ် မီးလောင်သည်အထင်ဖြင့် မီးလန့်မှုဖြစ်ခဲ့ကြောင်း တုံ့ပြန်ဖြေကြားသည်။

” ဘုရားတောင်ပေါ်မှာ အမှိုက်ပုံမီးတိုက်နေတာ ။ လူလည်းရှိပါတယ်။ ရပ်ကွက်ထဲက မီးလှမ်းမြင်တော့ မီးသတ်အကြောင်းကြားလိုက်တာ မီးသတ်ကားတွေရောက်လာပြီး မီးလန့်သလို ဖြစ်သွားတယ် ။ ဘာမီးလောင်တာမှမရှိဘူး ” ဟု တောကျောင်း ဆရာတော်က မိန့်သည်။

မီးလန့်မှုကြောင့် မီးသတ်ကားများရောက်ရှိလာခဲ့ခြင်းသာရှိပြီး တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဟု ရပ်ကွက်နေသူများက ဆိုသည်။

စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင်လည်း မြိတ်မြို့ ၊ ကြံတော လေးလမ်းထိပ် ရှိ ကလေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ခဲ့သေးသည်။

ပုံစာ – စက်တင်ဘာလ ၁၇ ရက်ည မြိတ်မြို့ တောကျောင်း မီးလောင်မှု။