မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၈နာရီခွဲခန့်က မီးလောင်ကြောင်း ယင်းရွာနေသူအချို့က ပြောသည်။
လှေဒေါက်တင်ထားသည့် သံခွံလှေတစ်စီး၏ ပဲ့ပိုင်းတွင် မီးလောင်ခြင်းဖြစ်ကြာင်း ရွာသားအချို့က ဆိုသည်။
မီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နေဆဲဖြစ်ပြီးမီးလောင်သည့်အကြောင်းအရင်းအား မသိရှိရသေးပေ။

