BREAKING
November 26, 2024

ဒီပဲယင်းမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

August 18, 2024

ဓာတ်ပုံ - အဖြူရောင် D.P.Y

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို သိမ်းယူလိုက်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ကို ဩဂုတ်လ ၁၆ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက်တွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း အဆိုပါအင်အားစုများထံမှ သိရသည်။

“အဖွဲ့အားလုံးရဲ့ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့မြို့ပါ” ဟု ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သည့် 96-Soldier PDF ခေါင်းဆောင် ကိုဇေယျာလွင်၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒီပဲယင်းမြို့ကို 96-Soldier PDF၊ အဖြူရောင် ဒီပဲယင်း PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ကျော်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဒီပဲယင်းမြို့မှာ အညာဒေသတွင် တော်လှန်ရေးအင်အားစုများ ပထမဆုံး သိမ်းယူသည့်မြို့ဖြစ်လာသည်။