အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(BESSC)မှ ဦးဆောင်ပြီး ယနေ့ နေ့လယ်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ယင်းလူထုသပိတ်လှုပ်ရှားမှုကို BESSC ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “ကျောင်းသားပြည်သူ လက်တွဲ၊ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြသည်။









