BREAKING
January 22, 2025

ထိုင်ဝမ်နှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းနေဟု အမေရိကန်ကြေညာ

August 18, 2022

ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် သီတင်းပတ်များ အကြာတွင် ထိုင်ဝမ်နှင့် တရားဝင်ကုန်သွယ်ရေး ညှိနိူင်းမှုများ ဆောင်ရွက်နေကြောင်း အမေရိကန်ဘက်က ကြေညာခဲ့သည်။

ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲကို ဆောင်းရာသီ အစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားသည်။

အမေရိကန်-ထိုင်ဝမ် တရားဝင် ဆွေးနွေးရာတွင် ကုန်သွယ်ရေး ချောမွေ့စေရန် စိစဉ်ခြင်း၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ ပါဝင်မည်ဖြစ်သည်။

ထိုင်ဝမ်သို့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌသွားရောက်ခဲ့ပြီးနောက် အမေရိကန် တရုတ် ဆက်ဆံရေးက တင်းမာနေလျက်ရှိသည်။

အမေရိကန်နှင့် ထိုင်ဝမ် ကုန်သွယ်ရေး အခင်းအကျင်းအသစ်ကို ပြီးခဲ့သည့် ဇွန်လ က စတင်ဖွင့်လှစ်ခဲ့ပြီး အပြန်အလှန်သဘောတူညီမှုများ တိုးတက်ဖြစ်ထွန်းနေသည်ဟု နှစ်ဖက်လုံးက ပြောကြားထားသည်။

အမေရိကန်နှင့် ထိုင်ဝမ်ကြား ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းသည် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၁၀၆ ဘီလီယံအထိ ရှိသည်။

လွှတ်တော်ဥက္ကဋ္ဌ ပီလိုစီ ၏ ခရီးစဉ်အပြီး၌ တရုတ်က ထိုင်ဝမ်ကျွန်းနားတွင် ကျွန်းသိမ်း စစ်ဆင်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်။