BREAKING
February 23, 2025

တနင်္သာရီတိုင်းတွင် မိုးကြီး၊ လေပြင်းတိုက်မှုနှင့်အတူ ရေကြီးနိုင်ဟု မိုး/ဇလသတိပေး

August 18, 2022

တနင်္သာရီတိုင်းတွင် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့အတွင်း မိုးကြီး၊ လေပြင်းတိုက်ခတ်မူကြောင့် ရုတ်တရက်ရေကြီးခြင်း ဖြစ်လာနိုင်ကြောင်း မိုလေသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

ယင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ပြီး ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ရှိလာနိုင်ကြောင်း မိုးဇလက သတိပေးထားခြင်းဖြစ်သည်။

ယခုတစ်ပတ်တွင်လည်း တနင်္သာရီတိုင်းရှိ ဒေသအတော်များများတွင် နေစဉ်ရက်ဆက် မိုးရွာသွန်းခဲ့ပြီး အချို့နေရာများတွင် ရေကြီး၊ ရေလျှံမူများ ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းသည် မိုးအဆက်မပြတ်ရွာသွန်းပါက လေပြင်းတိုက်ခိုက်မှုနှင့်အတူ ရေကြီး၊ ရေလျှံ၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ခံစားရလေ့ရှိသည်။