BREAKING
February 23, 2025

ဗီယက်နမ် လက်‌ဝှေ့မယ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ၁၃ ပွဲဆက် အနိုင်ရရှိသွားသည့် ဗရော်နီကာ

June 18, 2023

ကယန်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယနေ့ညကျင်းပသည့် Thai Fight မွေထိုင်းလက်ဝှေ့ပွဲစဉ်တွင် ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပြီး မွေထိုင်းလက်ဝှေ့မယ်ဘဝဖြတ်သန်းမှုတွင် ၁၃ ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

၅၃ ကီလိုတန်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ကြသည့် ဗရော်နီကာနှင့် ထရိုင်အူသီ တို့၏ပွဲစဉ်၌ ပထမပွဲချီ စတင်ကတည်းကပင် ဗရော်နီကာက လက်ရည်အသာစီးဖြင့် ထိုးသတ်သွားနိုင်ခဲ့ပြီး တတိယမြောက်ပွဲချီသို့အရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

အာရှမွေထိုင်းချန်ပီယံရှစ်တွင် ဒုတိယရရှိထားပြီး IFMA Senior World Championship တွင် တတိယရရှိခဲ့ဖူးသော ထရိုင်အူသီ သည် မွေထိုင်းလက်ဝှေ့လောကသို့ ဝင်ရောက်လာခဲ့အပြီးတွင် အဌမမြောက်ပွဲစဉ်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အဆုံးသတ်တွင် ငါးပွဲမြောက်အရှုံးကို ရင်ဆိုင်သွားခဲ့ရသည်။

ဗရော်နီကာသည် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ စိန်ခေါ်ပွဲ ခြောက်ခုတွင် မတူညီသည့်နိုင်ငံ ခြောက် ခု(အာဂျင်တီးနား၊ ဂရိ၊ ဘရာဇီး၊ အီတလီ၊ ထိုင်း၊ ဗီယက်နမ်)တို့မှ ပြိုင်ဘက်များကို ရင်ဆိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခြောက်ပွဲလုံးကို အနိုင်ရရှိစေရန် စွမ်းဆောင်ပြသွားနိုင်ခဲ့သည်။

ကယန်းကျားသစ်ဟု ချစ်စနိုးခေါ်ဝေါ်ခြင်းခံရသည့် ဗရော်နီကာသည် One Championship သို့ တက်လှမ်းထိုးသတ်နိုင်ရန် ဆန္ဒပြင်းပြနေပြီး ယခုနိုင်ပွဲမှာ သူမ၏အိပ်မက်များ အကောင်အထည်ပေါ်လာစေရန်အတွက် ခြေတစ်လှမ်း ပိုနီးသွားခဲ့စေပြီလည်းဖြစ်သည်။