BREAKING
September 20, 2024

အင်တာနက်လိုင်း မမိသည့် စာသင်ကျောင်း ငါးရာနီးပါးရှိ

May 18, 2020

တနင်္သာရီတိုင်းတွင် အင်တာနက် လိုင်း မမိသေးသည့် အခြေခံပညာကျောင်း ငါးရာနီးပါးရှိနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

အွန်လိုင်းမှ ပို့ချမည့် Grade 4 ၊ Grade 7 ၊ Grade 10 စနစ်သစ် ပညာရေး သင်တန်းအတွက် အင်တာနက် အသုံးပြု နိုင်ခြင်း မရှိ(အင်တာနက်လိုင်းမမိ)သည့် အခြေခံပညာကျောင်းများစာရင်း ကို ပညာရေးဝန်ကြီးဌာနက ကောက်ခံနေ ခြင်း ဖြစ်သည်။

တိုင်းအတွင်းရှိ အွန်လိုင်းသင်တန်း တက်မည့် ထက်၊ လယ်၊ မူ၊ ဘုန်တော် ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ထောင်ကျော်(၁၃၅၇) ကျောင်းရှိ သည့်အနက် ငါးရာနီးပါး(၄၆၈) ကျောင်း မှာ လက်ရှိတွင် အင်တာနက်လိုင်းမမိ သေးသည့် ဒေသတွင်ရှိနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

အင်တာနက်လိုင်း မမိသည့် ကျောင်းများအနက် တနင်္သာရီမြို့နယ်က အများဆုံးဖြစ်ပြီး ၁၄၁ ကျောင်း ရှိသည်။

ဒုတိယအများဆုံးမှာ ကျွန်းစုမြို့ နယ်ဖြစ်ပြီး ၁၁၁ ကျောင်း ရှိသည်။

လောင်းလုံးနှင့် မြိတ်မြို့နယ်ရှိ ကျောင်းအားလုံးမှာ အင်တာနက်လိုင်း မိနေပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

အင်တာနက်လိုင်း မမိသည့် ကျောင်းများမှ သင်တန်းတက်မည့် ဆရာ၊ ဆရာမများကို စာအုပ်များ ဖြန့်ဝေ ပြီး သင်တန်းပို့ချမည် ဖြစ်ကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

Grade 4 ၊ Grade 7 ၊ Grade 10 သင်ကြားနေသည့် ဆရာ၊ ဆရာမတိုင်း သည် စနစ်သစ်ပညာရေးသင်တန်းကို တစ်နည်းနည်းဖြင့် တက်ရောက်ကြရမည် ဖြစ်သည်။

ဆရာ၊ ဆရာမအချို့ကမူ အင်တာနက် အသုံးစရိတ်ကို မည်သူကျခံမည်၊ အွန်လိုင်း သင်တန်းစနစ်က မည်မျှအထိ ထိရောက်မှုရှိမည် စသည်တို့အပေါ် မေးခွန်းထုတ်လျက် ရှိသည်။

Dawei Watch