BREAKING
January 31, 2025

တနင်္သာရီတွင် မေလအပူချိန် ယမန်နှစ်ထက် သိသိသာသာတိုး

May 18, 2020

တနင်္သာရီတိုင်းတွင် ယခုနှစ်မေလ အပူချိန်သည် ယမန်နှစ်ထက် သိသိသာသာတိုးလာကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ အမြင့်ဆုံးအပူချိန်သည် တိုင်းအတွင်း မိုးလေ၀သစခန်း ၄ ခုမှ တိုင်းတာချက်အရ ၃၄.၇ ဒီဂရီ စင်တီဂရိတ် မှ ၃၆.၅ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိခဲ့သည်။

ယခုနှစ် ၂၀၂၀ ခုနှစ်တွင် မေလ ၁၅ ရက်နေ့အထိ အမြင့်ဆုံအပူချိန်မှာ ၃၈.၃ ဒီဂရီ စင်တီဂရိတ် မှ ၃၉.၅ ဒီဂရီ စင်တီဂရိတ်အတွင်းရှိကြောင်း သိရသည်။

အပူချိန်မြင့်တက်မှုကြောင့် အပူနှင့် ပက်သက်သည့် ရောဂါများဖြစ်ပွားနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အပူမကြိုက်သည့် သီးနှံအထွက် လျော့ကျမှုများဖြစ်ပေါ် နိုင်သည်ဟု တနင်္သာရီတိုင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်း ဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

တိုင်းအတွင်းရှိ မိုးလေ၀သစခန်း အသီးသီးမှ တိုင်းတာရရှိခဲ့သည့် အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်)စာရင်း

မိုးလေ၀သစခန်းများ ၂၀၁၉- ဧပြီလ ၂၀၁၉-မေလ ၂၀၂၀-ဧပြီလ ၂၀၂၀-မေလ(၁၅ရက်အထိ)

ထားဝယ် ၃၈.၅ ၃၆.၅ ၃၈.၅ ၃၉.၅

လောင်းလုံး ၃၇.၈ ၃၅.၅ ၃၈.၅ ၃၈.၃

မြိတ် ၃၈.၅ ၃၆.၅ ၃၆.၅ ၃၉.၀

ကော့သောင်း ၃၇.၇ ၃၄.၇ ၃၈.၇ ၃၈.၅

မိုးမြင့်