မြိတ်မြို့၊ မွန်စု မြို့မ (၂) ရပ်ကွက်၊ မြဝါးရုံလမ်းတွင် မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ရက် ည ၁၁ နာရီဝန်းကျင်တွင် နေအိမ်တစ်လုံးရှိ ဂိုဒေါင် မီးလောင်ခဲ့ကြောင်း မြို့ခံပရဟိတအသင်းများထံမှ သိရသည်။
ဂိုဒေါင်တစ်ခြမ်းနှင့် ခေါင်းမိုး မီးလောင်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း၊ မီးသတ်တပ်ဖွဲ့နှင့် မြို့ခံပရဟိတအသင်းများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအတွင်း မီးငြိမ်းခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် အဖွဲ့များထံမှသိရသည်။ မီးလောင်သည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။