BREAKING
March 12, 2025

သရက်ချောင်းမြို့အဝင်ဆိုင်းဘုတ် အလှပြဒူးရင်းသီးရုပ်တု ဖျက်ဆီးခံရ

April 18, 2023

သရက်ချောင်းမြို့အဝင် မော်ရှည်ကုန်းရွာထိပ်တွင် ပြုလုပ်ထားသော မြို့ဆိုင်းဘုတ်ရှိ ဒူးရင်းသီးပုံရုပ်တု ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့အဝင်တွင် Welcome to Thayet Chaung စာတန်းနှင့် ဒူးရင်းသီးရုပ်တုပုံ သုံးလုံး ထုလုပ်ထားခြင်းဖြစ်သည်။

ယင်းအနက် ဒူးရင်းသီးရုပ်တုတစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

ယင်းရုပ်တုမှာ ကွဲအက်ကြွေမွနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီနေရာက လူလည်း နည်းနည်းပြတ်တော့ သတိမထားမိလိုက်ဘူး” ဟု မော်ရှည်ကုန်းရွာခံတစ်ဦးက ပြောဆိုသည်။

အဆိုပါရုပ်တုအား မည်သူတို့ကက မည်သည့်အကြောင်းအရင်းကြောင့် ဖျက်ဆီးခဲ့သည်ကိုမူ မသိရသေးပေ။

အဆိုပါရုပ်တုမှာ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်က စတင်တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေသတွင် ပေါများစွာထွက်ရှိသည့် ဥယျာဉ်ခြံထွက် အသီးကို အထိန်းအမှတ်ရုပ်တုလုပ်ပြီး မြို့အဝင်တွင် အလှ ထုလုပ်ထားခြင်း ဖြစ်သည်။