BREAKING
March 18, 2025

အကြမ်းဖက်မှုတိုးပွားလာသည့် ပီရူးမြို့တော်တွင် အရေးပေါ်အခြေအနေ ကြေညာ

March 18, 2025

အကြမ်းဖက်မှုနှင့် ဒုစရိုက်ဂိုဏ်းများ၏ တိုက်ခိုက်မှုများ ရုတ်တရက် မြင့်တက်လာမှုကြောင့် ပီးရူးနိုင်ငံ၏ မြို့တော်လီမာတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တနင်္လာနေ့ညပိုင်းက ထုတ်ပြန်လိုက်သည့် အဆိုပါ အရေးပေါ်အခြေအနေ ကြေညာသည့် အမိန့်သည် ရက် ၃၀ ကြာ အာဏာသက်ရောက်မည် ဖြစ်သည်။

ယင်းအမိန့်အရ လီမာမြို့၏ လမ်းများပေါ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို တပ်ဖြန့်နေရာချထားလိုက်ပြီး ပြည်သူများကို အထိန်းအကွပ်နည်းပါးစွာဖြင့် ဖမ်းဆီးထိန်းသိမ်းခွင့်ရှိလာပြီ ဖြစ်သည်။

ဒုစရိုဏ်ဂိုဏ်းတစ်ခု၏ တိုက်ခိုက်မှုကြောင့် နာမည်ကြီးအဆိုတော်တစ်ဦး တနင်္ဂနွေနေ့က သေဆုံးခဲ့ရပြီးနောက် ယင်းအရေးပေါ်အခြေအနေ ကြေညာသည့်အမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သမ္မတ Dina Boluarte ဦးဆောင်သည့် ပီရူးအစိုးရက အဆိုပါ အမိန့်ကို တနင်္လာနေ့ နှောင်းပိုင်းက ထုတ်ပြန်လိုက်သည်။ ယင်းအမိန့်အရ လီမာမြို့၏ လမ်းများပေါ်တွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမည်ဖြစ်သည်။

ယင်းအမိန့်အရ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို လူများကို အကန့်အသတ် နည်းပါးစွာဖြင့် ဖမ်းဆီးထိန်းသိမ်းရန် အာဏာလွှဲအပ်လိုက်ခြင်း ဖြစ်သည်။

ယင်းအရေးပေါ် အခြေအနေကြေညာမှုအမိန့်သည် ရက်ပေါင်း ၃၀ ကြာ အာဏာသက်ရောက်မည် ဖြစ်သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ပီရူးနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာနေခဲ့သည်။ ရာဇဝတ်ဂိုဏ်းများသည် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများအပါအဝင် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်ကြသည်။ မကြာသေးမီက ဒုစရိုက်ဂိုဏ်းများအား အာဏာပိုင်များက ဖမ်းဆီးလာခဲ့သော်လည်း ရာဇဝတ်ဂိုဏ်းများ တိုးပွားလာနေခဲ့သည်။

နာမည်ကျော် ကမ်ဘီယာတေးဂီတ အဆိုတော်တစ်ဦးဖြစ်သူ Paul Flores သည် ဒုစရိုက်ဂိုဏ်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တနင်္ဂနွေနေ့က သေဆုံးခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း ပီရူးနိုင်ငံတွင် သတ်ဖြတ်မှုများ ၊ အကြမ်းဖက်တိုက်ခိုက် ငွေညှစ်မှုများ ၊ အများပြည်သူနှင့် ဆိုင်သော နေရာများကို တိုက်ခိုက်မှုများ တိုးပွားလာနေခဲ့သည်။ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မတ် ၁၆ ရက်နေ့အတွင်း အလားတူ သတ်ဖြတ်မှုပေါင်း ၄၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က ဖော်ပြသည်။ ဇန်နဝါရီလ တစ်လတည်းမှာပင် ခြိမ်းခြောက်ငွေညှစ်မှုပေါင်း ၁၉၀၉ ကြိမ် ဖြစ်ပွားခဲ့သည်။

Source: Al Jazeera