မြိတ်မြို့နယ်တွင် ယနေ့ (မတ် ၁၈) ပစ်ခတ်ခံသဖြင့် ရဲလေးဦး ဒဏ်ရာရရှိကြောင်း အခင်းဖြစ်သည့် နေရာအနီးတွင်ရှိသည့် ခရီးသွားပြည်သူအချို့ထံမှ သိရသည်။
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်က ရဲတပ်ဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း ၄င်းတို့က ပြောသည်။
“ဒဏ်ရာရတဲ့ ရဲလေးယောက်လုံး မြိတ်ဆေးရုံကိုယူဆောင်သွားပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။
တုံးဗျာကျေးရွာအုပ်စု၊ လသာရွာသည် မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်ခြားဖြစ်ပြီး ယင်းနေရာသည် KNLA တပ်မဟာ(၄) လှုပ်ရှားသည့် နယ်မြေနှင့်နီးစပ်ကြောင်း ဒေသခံရွာသားများကပြောပြသည်။