မြိတ်မြို့ ၊ ရှမ်းချောင်းရပ်ကွက်၊ သတင်းစာတိုက်လမ်းရှိ ရော်ဘာစက်ရုံတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးလောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
မီးလောင်သည့်အရှိန်မြင့်နေဆဲဖြစ်ပြီး ညနေ ၃ နာရီခွဲအထိ မီးမငြှိမ်းသတ်နိုင်သေးကြောင်း ရှမ်းချောင်းရပ်ကွက်သားတစ်ဦးက ဆိုသည်။
“မီးက တော်တော်ကြီးတယ်လို့ ပြောရမယ်။ လောင်တဲ့နေရာ စက်ရုံဘေးနားမှာကလည်း ဆီဆိုင်တွေရော သစ်သားစက်ရုံတွေရော အကုန်ရှိတယ်ဆိုတော့ မီးကူးသွားရင် မလွယ်ဘူး” ဟု သတင်းစာတိုက်လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မီးသတ်ကားများ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်တွင် မြိတ်မြို့အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ကလည်း အလယ်ကျွန်းရပ်ကွက်တွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ နေအိမ်သုံးဆောင် ပျက်စီးသွားသည်။