မြိတ်မြို့ ၊ အလယ်ကျွန်းရပ်ရှိ မီးသတ်ရုံးအနီး တိုက်ခန်းတွဲ ယနေ့ ဇန်နဝါရီလ ၁၈ရက် နံနက် ၄နာရီဝန် မီးလောင်ကြောင်း မြို့ခံများထံမှ သိရသည်။
နေအိမ်တစ်ဆောင်နှင့် လူနေအိမ် နှစ်ခန်းတွဲတစ်ဆောင် မီးလောင်ပျက်စီးကြောင်း ကူညီ မီးငြှိမ်းသတ်နေသည့် မြို့ခံပရဟိတအသင်းဝင်များထံမှ သိရသည်။
မီးလောင်မှုအတွင်း မီးလောင်ကျွမ်းသေဆုံးသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။
ဇန်နဝါရီလ ၁၁ရက်ကလည်း မြိတ်မြို့တစ်ဖက်ကမ်း ပထော်ကျေးရွာတွင် နေအိမ်သုံးဆောင် မီးလောင်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ယခု ဇန်နဝါရီလအတွင်း မြိတ်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ရှစ်ဆောင်ခန့်ပျက်စီးခဲ့သည်။