BREAKING
January 22, 2025

အယုံအကြည်မရှိအ‌ဆို မဲခွဲဆုံးဖြတ်ရာ ဂျာမန်အဓိပတိ ရှုံးနိမ့်

December 17, 2024

ဂျာမန်အဓိပတိအိုလားဖ်ရွှတ်ဇ်သည် တနင်္လာနေ့က ပါလီမန်၌ ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားခဲ့သည်။

ယင်းမဲခွဲမှုရလဒ်ကြောင့် သမ္မတဖရန့်ဗော်လ်တာစတိုင်းမယာက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို မူလစီစဉ်ထားသည်ထက် ၇ လပိုစောစွာ ပြုလုပ်သွားတော့မည် ဖြစ်သည်။

နိုဝင်ဘာလဆန်းတွင် အဓိပတိအိုလားဖ်ရွှတ်ဇ်၏ သုံးပါတီညွန့်ပေါင်းအစိုးရ ပြိုကွဲသွားကာ နိုင်ငံရေးအကျပ်အတည်းနှင့် ဆက်တိုက်ကြုံလာရပြီးနောက် တနင်္လာနေ့က မဲခွဲဆုံးဖြတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရပြီး အင်အားကောင်းသည့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အိုလားဖ်ရွှတ်ဘက်က မျှော်လင့်နေသည်။

Ref: Al Jazeera