ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။
ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။
ယခုပန်းချီပြပွဲသည် ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း ထားဝယ်မြို့တွင် ပထမဆုံးပြန်လည်ကျင်းပသည့် ပန်းချီပြပွဲ ဖြစ်သလို လှိုင်းခတ်သံပန်းချီပြခန်း၏ ပွဲဦးထွက်ပန်းချီပြပွဲလည်းဖြစ်သည်။






