BREAKING
February 23, 2025

မိနစ် ၉၀ အတွင်း သရေခံကန်သွားဖို့ ရှိနေတဲ့ မော်ရိုကို

December 17, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားပါတော့မယ်။ တတိယနေရာလုပွဲမှာ ထိပ်တိုက်တွေ့နေတဲ့ အသင်းနှစ်သင်းကတော့ ခရိုအေးရှားနဲ့ မော်ရိုကို တို့ပါပဲ။

ဒီနှစ်သင်းဟာ အုပ်စုအဆင့်တုန်းကလည်း ထိပ်တိုက်တွေ့ခဲ့ပြီးပါပြီ။ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ မော်ရိုကိုဟာ အာဖရိကဇုန်ကနေ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့်ရရှိတဲ့အသင်းတွေထဲမှာ ဆီမီးဖိုင်နယ်အဆင့်ဆီကို ပထမဆုံးတက်ရောက်ခွင့်ရရှိတဲ့အသင်းဖြစ်ပါတယ်။

တတိယနေရာလုပွဲမှာသာ အနိုင်ရရှိပြီး တတိယသာရရှိသွားခဲ့ရင် မော်ရိုကိုက သမိုင်းသစ်တစ်ခုကို ထပ်မံရေးထိုးနိုင်ဦးမှာပါ။

ခရိုအေးရှားကလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့သလို အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆုတံဆိပ်တစ်ခု ရယူနိုင်ဖို့ ရည်မှန်းနေပါတယ်။

တတိယနေရာလုပွဲ ဆိုပေမယ့် ဗိုလ်လုပွဲလို အားပြိုင်မှုပြင်းထန်တဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဘယ်အသင်းအောင်ပွဲခံသွားလေမလဲဆိုတာကို စောင့်ကြည့်ရင်ခုန်ကြပါစို့။

ဒီပွဲစဉ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရှိရပါတယ်။

Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။
https://anchor.fm/dawei-watch/episodes/ep-e1scj0v

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/uCZNZUX1Wlo