ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ (ယနေ့) ကျင်းပနေပါတယ်။
မြန်မာတွေဦးဆောင်တဲ့ အဲဒီဘုရားလှည့်ပွဲဟာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အဝတ်ဖြူဝတ်အမျိုးသားတွေနဲ့ ယောဂီဝတ်အမျိုးသမီးတွေက လိုက်ပါခဲ့ပါတယ်။
ရနောင်းမြို့ရှိ စက်ရုံ၊အလုပ်ရုံ၊ ငါးဂိုဒေါင်တွေနဲ့ ငါးဖမ်းလှေတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေက မြန်မာ့ဟန် ထုလုပ်ပူဇော်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို လှည့်လည်ပူဇော်ခဲ့တာပါ။
ရနောင်းမြို့အတွင်း ဘုရားလှည့်ပွဲမှာ ထိုင်းရဲတပ်ဖွဲ့ဝင်အချို့နဲ့ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က လမ်းရှင်းပေးပြီးကာ လိုက်ပါကူညီခဲ့ပါတယ်။














