ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအုပ်စုတွင် တည်ရှိသည့် လောကသရဖူ လျောင်းတော်မူ ရွှေသာလျောင်း ဘုရားကြီးတွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၁၇) တွင် နိဗ္ဗာန်စျေးနှင့် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပခဲ့သည်။
နိဗ္ဗာန်စျေးပွဲတော်ကို ပထမအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ဆီမီးတစ်ထောင်ပူဇော်ပွဲကိုမူ တတိယအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ကြောင်း နိဗ္ဗာန်စျေးအလှူရှင်တစ်ဦးကပြောသည်။
ညနေ ၄ နာရီမှ စတင်ကာ ည ၈ နာရီအထိ ကျင်းပမည်ဟု သိရသည်။
ယခုကျင်းပသည့် နိဗ္ဗာန်စျေးနှင့်ဆီမီးထွန်းပွဲသည် ကနိုင်းဒါအုပ်စု ရှိ ကနိုင်းဒါ၊ အလယ်ကုန်း ၊ကူးတို့ ၊ ကဒင်ဝ ရွာလေးရွာ နှင့် ပတ်ဝန်းကျင်ရွာများ မှ စေတနာရှင်များ၏စုပေါင်းအလှူဖြစ်သည်ဟု နိဗ္ဗာန်စျေးအလှူရှင်များကဆိုသည်။





