BREAKING
October 18, 2024

မြိတ်ခရိုင်အတွင်း MPT ဖုန်းလိုင်း ပြတ်တောက်နေ

October 17, 2024

မြိတ်ခရိုင်အတွင်း MPTဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ သုံးရက်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့ကစပြီး မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်နှင့်မောတောင်မြို့မှအပ ကျန်ဒေသများတွင် ပြတ်တောက်နေကြောင်း မြို့ခံများက ဆိုသည်။

ထိုကဲ့သို့ ရက်ရှည်ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းဆောင်တာများ ထိခိုက်နေကြောင်း ၎င်းတို့က ပြောသည်။

“MPTနဲ့ လျှောက်ထားတဲ့K-Payတွေဆို ငွေလွှဲလို့လည်းမရ ထုတ်လို့လည်းမရဖြစ်နေတယ်။ တစ်ချို့ တစ်ကတ်(ဆင်းကတ် တစ်ကတ်သာထည့်နိုင်တဲ့)ထိုးဖုန်းတွေနဲ့သူတွေဆို တော်တော်ဒုက္ခရောက်နေကြတယ်” ဟု မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အရင်ကလည်း MPT ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်မှုရှိသော်လည်း ယခုကဲ့သို့ ရက်ရှည်လိုင်းပြတ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း MPTဖုန်းလိုင်းအသုံးပြုသည့် အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

“MPTကိုက အရင်ကတည်းကသုံးလာတာဆိုတော့ K-pay၊ wave payတွေ၊ အလုပ်နဲ့ပတ်သက်ပြီးမှန်သမျှကို သူနဲ့ပဲ လျှောက်ထားတာ” ဟု အဆိုပါ မြို့ခံအမျိုးသမီးက ပြောသည်။

MPTဖုန်းလိုင်းပြတ်တောက်မှုနှင့်ပတ်သက်၍ MPT၏တရားဝင် Page ကိုမေးမြန်းရာတွင် လိုင်းပြတ်တောက်မှုများအတွက် ပြင်ဆင်မှု ပြုလုပ်နေကြောင်းသာ ပြောဆိုပြီး လိုင်းပြတ်တောက်မှုရသည့်အကြောင်း၊ ကြာမြင့်မည့်အချိန်နှင့် ပတ်သက်၍ ဖြေဆိုခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန်လကလည်း ကော့သောင်းမြို့တွင် MPTဖုန်းလိုင်းများ အချိန်နှစ်ပတ်ကျော်ကြာသည်အထိ ပြတ်တောက်ခဲ့သေးသည်။