Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမြို့နယ်က ကျောက္ကာရွာမှာ စစ်ကောင်စီတပ်က ဆန်ရောင်းခွင့်ပိတ်ပင်ထားတဲ့အကြောင်း
- မြိတ်က ပေါ်တော်မူဘုရားလာဖူးသူတွေဆီကနေ စစ်ကောင်စီတပ်က ငွေကြေးတောင်းနေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ် ရငဲရွာက နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေ
- NCA စာချုပ်နှစ်ပတ်လည်ပွဲသွားတက်တဲ့ ဒုဥက္ကဌရဲဘော်မျိုးဝင်း အပါအဝင်အဖွဲ့ဝင်သုံးဦးကို ABSDF က တာဝန်တွေ ရုပ်သိမ်းလိုက်တဲ့အကြောင်း
- ထားဝယ်မြို့က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ်လေးဆယ်ကျော် ချလိုက်တဲ့အခြေအနေ
- မန်ကျည်းသီးတက်ခူးတဲ့ လူငယ်တစ်ဦးဓာတ်လိုက်လို့ ကရိန်းကားအကူအညီနဲ့ ကယ်တင်လိုက်ရတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။