BREAKING
September 19, 2024

ထားဝယ်ဒေသက မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

September 17, 2024

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ် ၊ ဖောင်းတောကျေးရွာအုပ်စု ၊ ကောင်းမှုရွာက ဘုရားကုန်းတွင် မွန်ရိုးရာသင်္ဘော ဆွမ်းတော်ကြီးတင်ပွဲကို ယနေ့(စက်တင်ဘာ ၁၇) တော်သလင်းလပြည့် နံနက်အရုဏ်တက်တွင် ပြုလုပ်ခဲ့ကြသည်။

နှစ်စဉ် တော်သလင်းလပြည့်တွင် မွန်တိုင်းရင်းသားများရှိရာ အရပ်ဒေသများတွင် သ‌င်္ဘောပုံစံငယ် ဖြင့် မုန့်၊ပန်း ၊ဆီမီးများကို စုပေါင်း၍ ကပ်လှူသည့်ဓလေ့ နှင့် လှည့်လည်သည့် ဓလေ့ ရှိသည်။

ကောင်းမှုရွာတွင် ယနေ့ကျင်းပသည့် သင်္ဘောဆွမ်းတော်ကြီးတင်ပွဲတွင်မူ အဝေးရောက်နေသည့် ဒေသခံများပြားသဖြင့် ဆွမ်းတော်လာရောက် တင်လှူသူ ယခင်နှစ်ထက် ပိုနည်းသည်ဟု ရွာသားများကဆိုသည်။

ထားဝယ်ဒေသရှိ ရပ်ကွက်နှင့်ကျေးရွာအများစုတွင် ဆွမ်းတော်ကြီးတင်ဓလေ့ကို သီတင်းကျွတ်ရောက်မှ ကျင်းပလေ့ရှိသော်လည်း တော်သလင်းလပြည့်တွင် ဆွမ်းတော်ကြီးတင်သည့် ရပ်ကွက်ကျေးရွာများလည်းရှိသည်ဟု ထားဝယ်ဒေသခံများထံက သိရသည်။