BREAKING
September 19, 2024

မြိတ်တွင် မီတာခုံအပူလွန်၍ မီးလောင်မှုဖြစ်

September 17, 2024

ပုံစာ - စက်တင်ဘာလ ၁၇ ရက် ကြံတော ၄ လမ်း နေအိမ်မှ မီးလောင်မှုအပြီးမြင်ကွင်း။ ဓာတ်ပုံ - Aung Naing Thu

မြိတ်မြို့ ၊ ကြံတောလမ်းမကြီး၊ ကြံတော (၄) လမ်းထိပ်အနီးတွင် ဖွင့်လှစ်ထားသော ကလေးအရုပ်နှင့်အထည်ဆိုင် မီးလောင်မှု ယနေ့ (စက်တင်ဘာ ၁၇) နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံကသိရသည်။

နံနက် ၅ နာရီ ၂၈ မိနစ်တွင် မီးစလောင်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ငြိမ်းသတ်နိုင်ခဲ့၍ လူထိခိုက်မှုမရှိကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူကပြောသည်။

မီးလောင်မှုသည် မီတာခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ အ‌ေရာင်းပစ္စည်းအချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

ပြီးခဲ့သည့် ဇွန်လကလည်း မြိတ်မြို့တွင် လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာက နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်။