BREAKING
January 11, 2025

ခရီးသွားလုပ်ငန်းအတွက် ဆိပ်ခံတံတားနှစ်ခုကို ယခုနှစ်အတွင်း စသုံးနိုင်မည်

August 17, 2020

ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ဆိပ်ခံတံတား နှစ်ခုကို ယခုနှစ်အတွင်း စတင်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ကျွန်းစုမြို့နယ် စမတ်ကျွန်းတို့တွင် ဟိုတယ်/ခရီးဌာန ဘတ်ဂျက်ဖြင့် ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။

အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

စမ်းလှမ်းကျေးရွာတွင် သံကူကွန်ကရစ် ဆိပ်ခံတံတားတစ်စင်းနှင့် မြိတ်ခရိုင်ရှိ စမတ်ကျွန်းတွင် ပလပ်စတစ် ဘလောက်တုံးများဖြင့် ပြုလုပ်မည့် (Floating Jetty) ရေပေါ်ဆိပ်ခံတံတား တစ်စီးတို့ ဖြစ်သည်။

လက်ရှိတွင် စမ်းလှမ်းရှိ ဆိပ်ခံတံတား မှာ ၄၂ ရာခိုင်နှုန်းနှင့် စမတ်ကျွန်းတွင် ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

စမတ်ကျွန်းရှိ ရေပေါ်ဆိပ်ခံတံတားမှာ ပစ္စည်းမှာယူထားပြီး ရောက်ရှိပါက အဆင်သင့်တပ်ဆင်ရုံသာဖြစ်ကြောင်း ဦးညိုအေးက ရှင်းပြသည်။

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လေ

အထက်ပါ ဆိပ်ခံတံတားနှစ်ခုကို စက်တင်ဘာလကုန်တွင် ပြီးစီးအောင် တည်ဆောက်ရမည် ဖြစ်သည်။

အဆိုပါ ဆိပ်ခံတံတားများတည် ဆောက်ပြီးပါက ခရီးသွားလုပ်ငန်းအပြင် ငါးဖမ်းလှေများ ငါးတင်/ငါးချလုပ်ငန်းနှင့် အခြားလုပ်ငန်းများလည်း လုပ်ဆောင်နိုင်ကြောင်း ဦးညိုအေးက ဆိုသည်။

“ထားဝယ်ဒေသရဲ့ ပင်လယ်ထွက် ပေါက်တစ်ခုပေါ့။ ခရီးသွားလှေလည်း ထွက်မယ်။ အကုန်လုံး ဒီက ထွက်မယ်။ အဲလိုလေးရည်ရွယ်ပြီး ဒီဟာလေးကို လုပ်လိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

စမ်းလှမ်းကျေးရွာတွင် ဆောက်မည့် ဆိပ်ခံတံတားအတွက် ငွေကျပ်သိန်း ၁၅၀ဝ နှင့် စမတ်ကျွန်းတွင် ကျပ်သိန်း ၁၀ဝ၀ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။

ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

ထားဝယ်ဒေသရှိ နာမည်ကြီး လောင်းလုံးဘုတ်ကျွန်းသို့ သွားရောက်လည်ပတ်ရာတွင် စမ်းလှမ်းကျေးရွာမှ တစ်ဆင့် လှေများဖြင့် သွားလာရပြီး လက်ရှိတွင် ဆိပ်ခံတံတားမရှိသည့်အတွက် ခရီးသည်များ လှေပေါ်သို့တက်ရာတွင် အဆင်မပြေမှုများ ရှိနေသည်။