BREAKING
January 11, 2025

ယာဉ်လမ်းစည်းကမ်းအသိပညာပေး ပုံစံ ပြောင်း

August 17, 2020

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးသည့်ပုံစံကို စတင် ပြောင်းလဲနေကြောင်း အမှတ် ၁၁ ယာဉ် ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ပြောကြားသည်။

ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ နောက်ကြည့်မှန်တပ်ရန်၊ အရှေ့မီး ထွန်းမောင်းရန်၊ နှစ်ဦးထက် ပိုမစီးရန် အစရှိသည့် အချက်များကို ပြီးခဲ့သည့် အပတ်မှစတင်ကာ မီးပွိုင့်လမ်းဆုံအချို့တွင် ယာဉ်ထိန်းရဲက လက်ကိုင်အသံချဲ့ စက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးမှုကို လူအစုအဝေးဖြင့် မလုပ်ဆောင်နိုင်သည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲမှူးမိုးကျော်က ပြောသည်။

နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက်/ ရုံးဆင်းအချိန်များတွင် မီးပွိုင့်လမ်းဆုံများ၌ နေ့စဉ်နီးပါး ဆက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖုန်းအပေါင်ထားပြီး ငွေချေးနိုင်

လက်ရှိယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးသည့် ပုံစံမှာ ထိရောက်မှုနည်းနေသည့်အတွက် ပြန်သုံး သပ်ရန်လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်ကလည်း ပြီးခဲ့သည့် ဇွန်လဆန်းက ပြောဆိုခဲ့သည်။

အသိပညာပေးဟောပြောပွဲများတွင် လူငယ်၊ လူရွယ်များ တက်ရောက်မှု နည်းပါးပြီး အမျိုးသမီးနှင့် သက်ကြီး ရွယ်အိုများသာ တက်ရောက်နေသည့်အတွက် ပြန်သုံးသပ်ရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှုဖြစ်ပွားမှုအဆင့်တွင် တနင်္သာရီတိုင်းက နံပါတ်ကိုးနေရာတွင် ရှိပြီး သေဆုံးသူ ၁၉၈ ဦး ရှိသည်။