ထားဝယ်မြို့လယ် ဥတ္တံတားကြီး(ဥခါးဂီး)လမ်းဆုံတွင် ယနေ့(ဇွန် ၁၇) နံနက်ပိုင်းက မိုင်း တွေ့ရှိသည့်အတွက် စစ်ကောင်စီ၏ BE တပ်မှ လာရောက်ရှင်လင်းနေကြောင်း မြို့ခံများကပြောသည်။
မသင်္ကာဖွယ်ရာဖြစ်သည့် သံပိုက်လုံးတစ်လုံးကို မြို့ခံများက တွေ့ရှိရာမှ လုံခြုံရေးအဖွဲ့ကို အကြောင်းကြား၍ လာရောက်ရှင်းလင်း နေခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။
ယနေ့ နံနက်ကိုးနာရီခန့်တွင် ယင်းမိုင်းနှစ်လုံးကို စစ်ကောင်စီတပ်က ရှင်းလင်းဖောက်ခွဲပြီးဖြစ်သည့်အတွက် ပုံမှန်အတိုင်းသွားလာ နေကြပြီဖြစ်ကြောင်း သိရသည်။
ဥတ္တံတားကြီး လမ်းဆုံသည် ထားဝယ်မြို့၏ မြို့လယ်ကောင်တွင်ရှိပြီး အနီးဝန်းကျင်တွင် မြို့မရဲစခန်း၊ အထက ၁ စာသင်ကျောင်းနှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တို့ရှိသည်။
စစ်ကောင်စီကို လက်ဆောင်ပေးထားသည့်အရာရှိသဖြင့် ထားဝယ်မြို့ပေါ် လမ်းဆုံများတွင် မသင်္ကာဖွယ် အရာဝတ္ထုများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရန် လွန်ခဲ့သည့် ၂ နာရီခန့်က လူမှုကွန်ရက်တွင် သတိပေးချက် တစ်စောင်ပျံ့နှံ့နေကြောင်း တွေ့ရသည်။