BREAKING
April 22, 2025

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ကြွက်ကျင်ငယ်စွန့်ခဲ့သည် ဟင်းကိုစားမိရာမှ သေဆုံး

June 17, 2023

မလေးရှားနိုင်ငံတွင် ကြွက်ကျင်ငယ်စွန့်ခဲ့သည့် ဟင်းခွက်အား စားမိသော မြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားခဲ့ကြောင်း နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

ကွယ်လွန်သူသည် အသက် ၅၄ နှစ်အရွယ်ရှိသော ဦးစိုးသန်းဖြစ်ပြီး ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ဇာတိဖြစ်ကြောင်း သိရသည်။

နာရေးကိစ္စအတွက် ကွယ်လွန်သူ၏ မိတ်ဆွေဖြစ်သူက အကူအညီ တောင်းခံလာခဲ့သဖြင့် အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ နောက်ဆုံးခရီးကို ဇွန်လ ၁၆ ရက်နေ့ သောကြာနေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် Hindu Crematorium Seremban သုသာန်သို့ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ အသင်းက ကူညီပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

အစားအစာများကို စားသုံးပြီးပါက သေချာစွာအုပ်ထားရန်နှင့် ကြွက်ကျင်ငယ်စွန့်သွားသော ဟင်းအား စားသုံးမိပါက သေစေနိုင်သည်အထိ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ယင်းအဖွဲ့က ရေးသားထားသည်။

ကြွက်ကျင်ငယ်မှတစ်ဆင့် ဗိုင်းရပ်ပိုးများ လူကို ကူးစက်နိုင်သဖြင့် ထိတွေ့ကိုင်တွယ်မိသည်ဖြစ်စေ ပါးစပ်ထဲဝင်မိသည်ဖြစ်စေ အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများဖြစ်စေနိုင်ကြောင်းလည်း သိရသည်။