အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိနေပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် မတူညီတဲ့ ဓလေ့တွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိလိုက်နာဖို့လိုအပ်လှပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အခြေခံ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို နားလည်သဘောပေါက်ရမှာဖြစ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုရမှာဖြစ်ပါတယ်။
ဒါမှသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ပဋိပက္ခနည်းနည်းနဲ့ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံမှာနေရင် ဘာတွေသတိထားသင့်တယ် ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။






