BREAKING
April 19, 2025

မြန်မာနှစ်ဆန်းတစ်ရက် ညနေပိုင်း ထားဝယ်မြို့၏ ဘုရားသွားကျောင်းတက်ပုံရိပ်များ

April 17, 2025

Photo - Dawei Watch

ထားဝယ်မြို့ ၊ ရွှေတောင်စားစေတီ၊ လောကမာရဇိန်ဘုရားကြီးနှင့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ပင်ခရု ဘုရားတို့တွင် မြန်မာနှစ်ဆန်းတစ်ရက် ယနေ့ ဧပြီလ ၁၇ ရက် ညနေပိုင်း တွင် ဘုရားဖူးများဖြင့် စည်ကားနေသည် ။

အတာအိုးလာပို့သူများ ၊ ဘုရားဖူးလာသူများအား အအေး၊ စတုဒီသာ ကုသိုလ်ပြု လှူဒါန်းနေမှုများကိုလည်း တွေ့ရသည် ။

ဘုရားများနှင့် ဘုရားသွားရာလမ်းကြောင်းများတွင် စစ်ကောင်စီက နေရာယူထားခြင်းမျိုး မတွေ့ရကြောင်း မြို့ခံဘုရားဖူးများက ဆိုသည် ။

မြန်မာနှစ်ဆန်းတစ်ရက် ညနေဘက်အထိ ထားဝယ်မြို့ပေါ်တွင် ရေကစားသူ ၊ ရေပက်သူများ နှင့် သင်္ကြန်လည်နေသူများ ရှိနေသေးကြောင်း မြို့ခံများထံကသိရသည် ။