BREAKING
April 19, 2025

မနက်ဖြန် ထိုးရမည့်ပွဲတွင် ဆရာဝန်က သန့်ဇင်ကို ထိုးခွင့်မပြု၍ ပွဲပျက်

April 17, 2025

ထိုင်းဖိုက်တာ ပက်ဆူကန်ဗစ်နှင့် မနက်ဖြန် (ဧပြီလ ၁၈ ရက်) တွင် ထိုးရမည့် ပွဲစဉ်အတွက် မြန်မာဖိုက်တာ သန့်ဇင်ကို ဆရာဝန်က ပွဲထိုးခွင့်မပြုသဖြင့် ပွဲပျက်ကြောင်း ပက်ဆူကန်ဗစ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အတည်ပြုလိုက်သည်။

သန့်ဇင်သည် ပွဲထိုးရန်အတွက် စိတ်ချရသောအခြေအနေတွင် ရှိမနေခြင်းကြောင့် ဆရာဝန်က ပွဲထိုးခွင့် မပြုခြင်းဖြစ်သည်။

ဆေး စစ်ဆေးရာတွင် ပြဿနာတွေ့သည့်အတွက် ဆရာဝန်က ပွဲဆက်ထိုးရန် သန့်ဇင်ကို ထောက်ခံချက် မပေးသောကြောင့် ပွဲပျက်သွားရခြင်းဖြစ်ကြောင်းလည်း ပက်ဆူကန်ဗစ်က ရှင်းပြထားသည်။

ယခုတစ်ကြိမ်သည် သန့်ဇင်အတွက် ကျန်းမာရေးပြဿနာကြောင့် ဒုတိယအကြိမ်မြောက် ပွဲပျက်ရခြင်းဖြစ်ပြီး ပထမ တစ်ကြိမ်တွင် ပွဲပျက်ခဲ့ရသည်မှာ အူအတက်ပေါက်သည့်အတွက် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ပက်ဆူကန်ဗစ်နှင့် သန့်ဇင်တို့၏ပွဲစဉ်သည် နိုင်ပွဲလိုအပ်ချက် ပြင်းထန်နေသောဖိုက်တာနှစ်ဦး ထိပ်တိုက်တွေ့ပေးထားသည့် ပွဲစဉ်ဖြစ်နေခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ONE Championship ကလည်း ပက်ဆူကန်ဗစ်နှင့် သန့်ဇင်တို့ ၏ပွဲစဉ်ကို ONE Friday Fights 105 ၏ ဒုခေါင်ပွဲစဉ်အဖြစ် ပွဲတည်ပေးထားခဲ့သည်။

Source – Petsukumvit Facebook Page