ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။
အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့ ညနေပိုင်းအထိ သင်္ကြန်ရေပက်ကစားကြသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်စ၍ နောက်ပိုင်းတွင် ရေပက်ကစားသည်ကို တွေ့ရခြင်း မရှိတော့ပေ။
သို့သော် အာဏာသိမ်းမှု လေးနှစ်မြောက်ဖြစ်သည့် ယခုနှစ် ညနေပိုင်းတွင် ထားဝယ်မြို့၏ ဥဿာရံရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွယ် များတွင် ယနေ့ ညနေ ၇ နာရီအထိ သင်္ကြန်ရေပက်ကစားနေကြသည်ကိုတွေ့ရသည်။














