ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။
အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။
နှစ်ဆန်းတစ်ရက် နံနက်ပိုင်းထက် ညနေပိုင်းတွင် အတာအိုးလာရောက်ပို့ဆောင်သူပိုများနိုင်ကြောင်း ဘုရားဖူးလာသူများက ဆိုသည်။
ထားဝယ်ဒေသက ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နှစ်ဆန်းတစ်ရက်ညနေပိုင်းအထိ အတာအိုးပို့ပြီး ပြန်လာသူများအား ရေပက်သည့် ဓလေ့ရှိသော်လည်း ကိုဗစ်နှင့်အာဏာသိမ်းပြီးနောက် ယင်းဓလေ့လည်း ပျောက်ကွယ်လုဆဲဆဲအခြေအနေတွင် ရှိသည်။




















