မန်ယူအမျိုးသမီးအသင်းသည် အသင်းတည်ထောင်မှုသမိုင်းကြောင်းတလျှောက် အက်ဖ်အေဖလားဗိုလ်လုပွဲဆီသို့ ပထမဆုံးအကြိမ် တက်လှမ်းရောက်ရှိသွားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
မန်ယူအမျိုးသမီးအသင်းသည် အသင်းတည်ထောင်မှု ငါးနှစ်သက်တမ်း ရှိလာချိန်တွင် အက်ဖ်အေဖလား ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခွင့်ရလိုက်ခြင်းဖြစ်သည်။
ဗိုလ်လုပွဲကို လာမည့် မေလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။
မန်ယူအမျိုးသမီးအသင်းမှာ ဆီမီးဖိုင်နယ်အဆင့်တွင် ဘရိုက်တန်အမျိုးသမီးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးအက်ဖ်အေဖလားဗိုလ်လုပွဲတွင် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်မည်ဖြစ်သည်။
ချယ်လ်ဆီးအမျိုးသမီးအသင်းသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်တွင် အက်စတွန်ဗီလာ အမျိုးသမီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လာခဲ့ခြင်းဖြစ်သည်။
မန်ယူအမျိုးသမီးအသင်းသည် အသင်းတည်ထောင်မှု ငါးနှစ်သက်တမ်းအတွင်း၌ပင် ယခုကဲ့သို့ အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်း၊ ချန်ပီယံရှစ်မှနေ၍ ပရီးမီးယားလိဂ်သို့ တက်လှမ်းပြီးသည့်နောက် ယခုဘောလုံးရာသီတွင် ချန်ပီယံဆုကို စိန်ခေါ်ခြင်းများ လုပ်ဆောင်နေနိုင်ပြီဖြစ်သည်။
အမျိုးသမီးပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီးတို့က အပြိုင်အဆိုင်ဖြစ်နေကြလျက်ရှိသည်။




Photos – BBC၊ ESPN၊ Reuters၊ Twitter