BREAKING
September 21, 2024

ဆန်ဈေးအတက်ကြမ်းနေသည့် မြိတ်ကုန်စည်ဈေးကွက်

February 17, 2023

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်းအတက်ကြမ်းနေပြီး ၂၄ ပြည် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သောင်း ဈေးတက်သွားကာ ခုနစ်သောင်းကျပ်အထိ ဖြစ်လာသည်။

ယခင်အပတ်က တစ်အိတ်လျှင် ခြောက်သောင်းကျပ်သာရှိခဲ့ပြီး တစ်သောင်းကျပ်အထိ ထိုးတက်လာခြင်းဖြစ်သည်။

ဆန်ကြမ်းအပြင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခင်အပတ်ထက် နှစ်ထောင်ကျပ်တက်လာသဖြင့် ၁၁၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် တစ်ထောင်ကျပ် ထပ်တက်သဖြင့် ၈၆၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေကြသည်။

ယင်းကဲ့သို့ ဆန်ဈေးနှုန်းများ အတက်ကြမ်းနေသောကြောင့် ဈေးထပ်တက်မည် စိုးရိမ်သဖြင့် ဆန်ဝယ်ယူစုဆောင်းသူများရှိလာနေကြောင်း ဆန်အရောင်းဆိုင်တို့ထံမှ သိရသည်။  

စားအုန်းဆီဈေးနှုန်းမှာမူ ကျဆင်းလာသည်။ ၁၀ ပိဿာပါ စားအုန်းဆီ ပုံးဝါဈေးနှုန်းသည် ယခင်အပတ်က ၆၉၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆၈၀၀၀ ကျပ်သို့ ကျဆင်းလာသည်။

ထို့အပြင် ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာ တစ်ထောင်ကျပ်ကျဆင်းလာသဖြင့် ၁၃၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀ ကျပ် ကျဆင်းလာသဖြင့် ၁၈၀၀ ကျပ်နှုန်း ဖြစ်နေသည်။

ပုဇွန်ခြောက်ဈေးအနည်းငယ် တက်လာခဲ့ပြီး ကျန်ကုန်စည်‌အများစုမှာ ဈေးနှုန်းပြောင်းလဲမှု သိပ်မရှိခဲ့ပေ။